Laptop Computer ကိုပျော်ပျော်ပါးပါး သုံးစွဲနိုင်ဖို့


Photo
Laptop ကို ပျော်ပျော်ပါးပါး သုံးဖို့ဆိုတဲ့ နေရာမှာ Windows OS သုံးတဲ့ Laptop တွေနဲ့ပဲ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပြောသွားမှာ ဖြစ်ပါတယ်။ အားလုံး အကြောင်းအရာ ၁၀ ချက် ရှိပါတယ်။

(၁) အလိုအလျောက် Logon ဝင်ပါ

အလိုအလျောက် Logon ဝင်တယ်ဆိုတာ ကွန်ပျူတာက User account ထဲဝင်တာ ဖြစ်နိုင်သလို Online သုံးနေတုန်း Website ထဲ တစ်ခုခုထဲ ဝင်တာလည်း ဖြစ်နိုင်ပါတယ်။ Online မှာ Website တစ်ခုထဲဝင်ဖို့ User Account နဲ့ Password ရိုက်ထည့်ပြီးရင် Browser ကို မှတ်ခိုင်းထားနိုင်ပါတယ်။ ကွန်ပျူတာက User account ထဲ Password မရိုက်ဘဲ အလိုအလျောက် ဝင်ချင်တယ်ဆိုရင် Windows ထဲမှာ ဝှက်ထားတဲ့ Tool တစ်ခုကို သုံးနိုင်ပါတယ်။ User account ထဲ အလိုအလျောက် ဝင်နိုင်တဲ့ Tool ဆီ သွားမယ်ဆိုရင် Start Menu ကို ဖွင့်ပါ။ Search box ထဲမှာ Setplwiz ဒါမှမဟုတ် Control userpassword 2 ကို ရိုက်ထည့်ပါ။ Win 7 မှာဆိုရင် Setplwiz ကို သုံးရပါမယ်။

ပြီးရင် Search box ရဲ့ အပေါ်နားမှာ မြင်နေရတဲ့ Setplwiz ကို ဘယ်ကလစ်နှိပ်ပါ။ User account windows တစ်ခု ပေါ်လာပါမယ်။ Users ဆိုတဲ့ Tab ကိုရွေးပါ။ အောက်မှာ မြင်နေရတဲ့ Users must enter a user name and password to use this computer စာသားဘေးက လေးထောင့်ကွက်ထဲမှာ အမှန်ခြစ်ပြုတ်အောင် ဘယ်ကလစ်နှိပ်ပါ။ ပြီးရင် အလိုအလျောက် Logon ဝင်ချင်တဲ့ Account ကို ရွေးပေးပါ။ ပြီးရင် Apply နေရာမှာ ဘယ်ကလစ်နှိပ်ပါ။ ကိုယ်သတ်မှတ်တဲ့ User account နဲ့ သက်ဆိုင်တဲ့ Automatically Logon ဆိုတဲ့ Window တစ်ခု တက်လာပါမယ်။ အဲဒီအထဲမှာ User name သတ်မှတ်ထားပါတယ်။ Password နဲ့ Confirm password ကို ရိုက်ထည့်ပေးပြီး OK နှိပ်ရပါမယ်။

ဒါဆိုရင် သက်ဆိုင်ရာ Account အတွက် Password ရိုက်ထည့်ရတဲ့ နေ့တွေ ကုန်ဆုံးသွားပါပြီ။ Account ကို ဘယ်ကလစ်နှိပ်ပြီး တိုက်ရိုက် ဝင်ရောက်ရုံပါပဲ။ ဒီနည်းက တရားဝင် Windows သုံးစွဲနေပြီး Windows live mesh လို online tool ထဲ ဝင်ဖို့အတွက် အဆင်ပြေလှပါတယ်။ ဒါပေမဲ့ ကွန်ပျူတာကို မျှဝေသုံးစွဲရတဲ့ အခါမျိုးမှာ ကွန်ပျူတာထဲမှာ အထိအခိုက်မခံတဲ့ Data တွေ ရှိနေတဲ့ အခါမျိုးမှာ မသုံးစွဲမိဖို့ သတိထားစေချင်ပါတယ်။ ကိုယ်တစ်ယောက်တည်း သုံးတဲ့ ကွန်ပျူတာ ဖြစ်မယ်။ အရေးကြီး Data လည်း မရှိဘူးဆိုရင် တိုက်ရိုက်ဝင်တဲ့နည်းက မြန်ဆန်ပြီး ခေါင်းပေါ့ပါတယ်။ Account မထားဘဲ သုံးတာနဲ့ အတူတူပဲ မဟုတ်လားလို့ မေးနိုင်ပါတယ်။ ဟုတ်ကဲ့။ ကိုယ့်စိတ်ကြိုက် သတ်မှတ်ချက်လေးတွေ လုပ်ချင်လို့ Account ထားတာပါ။

(၂) ဘက်ထရီနဲ့ ကြာကြာ သုံးနိုင်ပါစေ။

Laptop တွေမှာ ဘက်ထရီစားတာ အကြောင်းတစ်ချက်တည်းကြောင့်တော့ မဟုတ်ပါဘူး။ ဘာအကြောင်းတွေက ဘက်ထရီ စားရသလဲဆိုတဲ့ ကိစ္စကို ရှာဖွေရာမှာ Windows က အကူအညီ ပေးနိုင်ပါတယ်။ ဒီကိစ္စကို ရှာဖွေနိုင်ဖို့ Admin command prompt ဆီကို ဝင်ရပါမယ်။ Start menu ကို ဘယ်ကလစ်ခေါက်ပြီး ပေါ်လာတဲ့ Search box ထဲမှာ CMD ကို ရိုက်ထည့်ပါ။ အပေါ်ဘက်နားမှာ cmd.exe ဆိုတဲ့ စာသားလေးကို တွေ့ရပါမယ်။ အဲဒီနေရာမှာ ညာကလစ်နှိပ်ပါ။ ပေါ်လာတဲ့ အကွက်ထဲက Run as administrator ဆိုတာ ရွေးပါ။

Administrator:C:/Windows/System32/cmd.exe ဆိုတဲ့ ခေါင်းစဉ်နဲ့ Window တစ်ခု ပေါ်လာပါမယ်။ အောက်ခံအမည်းမှာ အဖြူရောင် စာသားတွေကို တွေ့နိုင်ပါတယ်။ C:/Windows/System32> နောက်မှာ powercfg-energy ဆိုတဲ့ စာသား ရိုက်ထည့်ပြီး enter ခေါက်ပါ။ Windows ဟာ ကိုယ့်စက်ရဲ့ ပါဝါ စားသုံးမှုကို စက္ကန့် ၆၀ စောင့်ကြည့်ပါမယ်။ ပြီးရင် ဘယ်အရာတွေက ပါဝင် ဘယ်လောက် စားသုံးနေသလဲ ဆိုတဲ့ Report ထုတ်ပေးပါမယ်။ ဘက်ထရီနဲ့ အချိန်ပိုပြီး သုံးစွဲနိုင်စေဖို့ ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတဲ့ ထောက်ခံချက်တွေကိုလည်း ပေးပါမယ်။ Report ကို အေးအေးဆေးဆေး ဖတ်ချင်ရင် C:/energy.report.html မှာ ဖတ်နိုင်ပါတယ်။

(၃) Shutdown မလုပ်ပါနဲ့ Sleep လုပ်ပါ။

ကွန်ပျူတာဘေးကနေ တခြား တစ်နေရာကို နာရီဝက် တစ်နေရာလောက် ထသွားမယ်ဆိုရင် ဘက်ထရီအစား သက်သာဖို့ ဒါမှမဟုတ် မီတာအစား သက်သာဖို့ ကျွန်တော်တို့က စက်ပိတ်ပစ်လေ့ ရှိပါတယ်။ Laptop က ပါဝါ အစားသက်သာတယ်ဆိုတောင် ဝပ် (၁၀၀) အောက် ပျော့ပျော့တော့ စားသေးတာပဲ။ ဘက်ထရီ သီးသန့်နဲ့ သုံးမယ်ဆိုရင်လည်း မသုံးဘဲ ဖွင့်ထားရင် ဘက်ထရီ မခံနိုင်ဘူးလေ။ ပိတ်ထားရမယ် မဟုတ်လား။ မဟုတ်ပေါင် ခင်ဗျာ။ အကျင့်ပါနေလို့ ပိတ်တာပါ။ Windows တွေမှာ Sleep mode ဆိုတာ ရှိပါတယ်။ ကွန်ပျူတာ Shut down option တွေထဲမှာ တွဲပေးပြီးသားပါ။ Sleep ဆိုတာဟာ ကွန်ပျူတာကို ပိတ်တော့ ပိတ်လိုက်တာပါပဲ။ ဒါပေမဲ့ မဆိုစလောက် ပါဝါလေးကို ပေးထားပြီး ကိုယ်နောက်ဆုံး သုံးခဲ့တဲ့ အနေအထားဆီ အမြန် ပြန်ရောက်အောင် အထောက်အကူ ပေးပါတယ်။

ဒီလိုဆိုရင် အလွယ်တကူ Shutdown လုပ်မယ့်အစား Sleep ကို ဘာကြောင့် မသုံးရဲရမှာလဲ။ လွယ်ပါတယ်။ Start menu ကို နှိပ်လိုက်ပါ။ (Win 7 ကိုပဲ ဦးတည်ပြီး ပြောပါမယ်) Shutdown နေရာကိုရှာပါ။ ပြီးရင် အဲဒီပေါ်မှာ ညာကလစ်နှိပ်ပါ။ Properties ဆိုတဲ့ စာသား တွေ့ရပါမယ်။ ဘယ်ကလစ်နှိပ်ပြီး ရွေးလိုက်ပါ။ Taskbar and start menu properties ဆိုတဲ့ ခေါင်းစဉ်နဲ့ Windows တစ်ခု ပေါ်လာပါမယ်။ Start menu ဆိုတဲ့ Tab ကို ရွေးပါ။ Power button action ဘေးက အကွက်ထဲမှာ Option တွေ မြင်ရအောင် အောက်စိုက်မြားခေါင်းလေးမှာ ဘယ်ကလစ်နှိပ်ပါ။ ပြီးရင် Sleep ကို ရွေးပြီး OK နှိပ်ပါ။

Laptop က Power ခလုတ်ကို ခဏဖိထားရင် sleep mode ထဲ ဝင်သွားပါမယ်။ Power ခလုတ် ပြန်ဖိရင် နဂိုက ကိုယ်ထားခဲ့တဲ့ နေရာကို ပြန်ရောက်ပါမယ်။ Password ပေးထားခဲ့ရင် ထည့်ပေးဖို့တော့ လိုပါမယ်။ မထည့်နိုင်ရင် Control panel ရဲ့ Power option မှာ ဝင်ဖြုတ်ပါ။ Task bar ရဲ့ ဘယ်စွန်က Windows logo လေးကို နှိပ်ရင်လည်း ဦးစားပေး အစီအစဉ်မှာ Sleep က အရင်ပေါ်နေတာကို တွေ့ရပါမယ်။ အဲဒီကနေလည်း Sleep mode ထဲ ဝင်နိုင်ပါတယ်။ Control panel က ဝင်ပြီး စီမံချင်တယ် ဆိုရင်ဖြင့် Power option ထဲ ဝင်ပါ။ Left pane ထဲက Choose what power button does စာသားနေရာမှာ ဘယ်ကလစ်နှိပ်ပါ။ When I press the power button နေရာမှာ ကိုယ်ကြိုက်တဲ့ Option ကို ထည့်ပေးနိုင်ပါတယ်။ Laptop တွေမှာ What happens when you close the lid စာသားနံဘေးမှာ ကိုယ်ကြိုက်တဲ့ Option တစ်ခုကို ရွေးပေးနိုင်ပါသေးတယ်။

(၄) Natural Language Search ကို သုံးတတ်ပါစေ။

Search လုပ်တာ လွယ်ပါတယ်။ ဘယ်ဆီနေမှန်း မသိတော့တဲ့ ဖိုင်တစ်ဖိုင်ကို မှန်းဆပြီး ရှာမယ်ဆိုရင် Explorer windows ကို အရင်ဖွင့်ရမယ်။ (Win 7 မှာ) Desktop ပေါ်က Computer icon ပေါ်မှာ ဘယ်ကလစ် နှစ်ချက် နှိပ်လိုက်ပါ။ ပေါ်လာတဲ့ အကွက်ကြီးဟာ Explorer Window ပဲ (ကွန်ပျူတာ သုံးကာစ လူတွေမျက်စိထဲ မမြင်မှာစိုးလို့ ပြောတာပါ)။ ပြီးရင် ညာဘက် အပေါ်ထောင့်က Search box ဆီကို သွားပါ။ ကိုယ်ရှာချင်ရာကို ရိုက်ထည့်ပါ။

Win 7 မှာ ထူးတာက ကိုယ်ရှာမယ့် နေရာ (ဥပမာ - document / music/ picture / videos စတဲ့ အပေါ် မူတည်ပြီး ထည့်ပေးရမယ့် Filter တွေ ကွာသွားပါမယ်။ Filter ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ ကိုယ်ရှာချင်တဲ့ နယ်ပယ်တစ်ခု သတ်မှတ်ပေးလိုက်တာပါ။ ဥပမာ ပြောရရင် Jpeg ဓာတ်ပုံကို ရှာမယ်လို့ပြောရင် အဲဒီ အမျိုးအစား ဓာတ်ပုံတွေကိုပဲ ရွေးပြီး ရှာပေးပါလိမ့်မယ်။ ဒါက ရိုးရိုး Search လုပ်တဲ့ အနေအထား။ (မှန်တာပြောရရင် WinXP ရဲ့ Search လောက် Win 7 မှာ လွယ်ကူရိုးရှင်းမှု မရှိပါဘူး)။ ဒါပေမဲ့ ကတ်တီးကတ်ဖဲ့ ဝေါဟာရ တစ်ခုခုနဲ့ ရှာမယ်ဆိုရင် ခက်ပြီ။ ဥပမာ ပြောရရင် Pictures created yesterday ဆိုတာမျိုးကို ရှာချင်ရင်ပေါ့။ ဒါပေမဲ့ ရိုးရိုးရှင်းရှင်း အင်္ဂလိပ်စာသားနဲ့ ရှာလို့လည်း ရပါတယ်။

အဲဒီအတွက် Natural language search ကို ရွေးပေးရပါလိမ့်မယ်။ ပထမဆုံး Explorer Window ကို ဖွင့်ပါ။ ပြီးရင် ဘယ်ဘက်အပေါ်နားက Organize ကို သွားပြီး ဘယ်ကလစ်နှိပ်ပါ။ ကျလာတဲ့ အကွက်ထဲက Folder and search options ကို ရွေးပေးပါ။ Folder option ခေါင်းစဉ်နဲ့ ကျလာတဲ့ အကွက်ထဲကနေ Search tab ကို ရွေးပေးပါ။ ပြီးရင် How to search ခေါင်းစဉ်အောက်က Use natrual language search အကွက်ထဲမှာ အမှန်ခြစ်ပေါ်အောင် ဘယ်ကလစ်နှိပ်ပါ။ ပြီးရင် OK ကိုနှိပ်ပြီး ထွက်လိုက်ပါ။ Windows ဟာ ရိုးရိုးရှင်းရှင်း အင်္ဂလိပ် စာလုံးအားလုံးကို သိနိုင်လောက်အောင် မပြည့်စုံသေးတာမို့ ကိုယ့်စိတ်ထဲ ရှိသမျှ ရိုက်ထည့်တာ အားလုံးကို သိမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ all videos / pictures created yesterday / huge zip files ဆိုတာတွေကိုဖြင့် နားလည်ပြီး ရှာဖွေပေးနိုင်ပါတယ်။ Windows က နားလည်လား၊ မလည်လား ဝေါဟာရတွေ စမ်းသပ်ရိုက်ထည့်ပြီး Search လုပ်ကြည့်ဖို့တော့ လိုပါမယ်။

(၅) Aero Snap  ကို ပိတ်ထားလိုက်ပါ။

ထွက်သမျှသော Win 7 အားလုံးမှာ (Starter အပါအဝင်) Aero Snap ပါပါတယ်။ XP ထက်စာရင် နည်းနည်း ထူးခြားပါတယ်။ Window တစ်ခုကို အပေါ်ခေါင်းစည်း အပြာလိုင်းနေရာမှာ ဘယ်ကလစ်ဖိပြီး Screen နဲ့ အပေါ်ဘောင်ကို ထိကပ်လိုက်ပါ။ Full Screen Winodw ဘဝကို ပြောင်းသွားပါမယ်။ တကယ်လို့ ဘေးဘက်ဘောင် တစ်ခုခုဆီ ဘယ်ကလစ်ဖိပြီး တွန်းလွှတ်လိုက်မယ်ဆိုရင် Window ဟာ Screen  တစ်ဝက်တိတိ နေရာယူပါမယ်။ Window နှစ်ခုကို ဘေးချင်းကပ်ပြီး နှိုင်းယှဉ်ကြည့်ရင် အသုံးတည့်ပါတယ်။ တစ်ခါတစ်ခါတော့ အသုံးတည့်ပါမယ်။ ဒါပေမဲ့ Window တွေ အများကြီး ဖွင့်သုံးတဲ့အခါ မတော်မတဲ့ Window တစ်ခုခုက Full Screen ဖြစ်လိုက်၊ Half screen ဖြစ်လိုက် ဖြစ်တတ်တာမို့ စိတ်ရှုပ်စရာလည်း ကောင်းပါတယ်။

Laptop ကို ဘက်ထရီနဲ့ သုံးနေတုန်း ဒီလို ခဏခဏ ဖြစ်နေရင် ဘက်ထရီ စားတော့မပေါ့။ မလိုတာတွေ မဖြစ်ရအောင် Aero Snap ကို ပိတ်ထားလို့ ရပါတယ်။ Control panel ထဲက Ease of access center ထဲဝင်ပါ။ ပြီးရင် Explore all settings ခေါင်းစဉ်အောက်က make the mouse easier to use  နေရာမှာ ဘယ်ကလစ်နှိပ်ပါ။ ထပ်ပေါ်လာတဲ့ အကွက်ထဲက Make it easier to manage windows ခေါင်းစဉ်ဆီသွားပါ။ Prevent Windows form being automatically arranged when moved to the edge of screen စာသားဘေးက လေးထောင့်ကွက်ထဲ အမှန်ခြစ်ပေါ်အောင် ဘယ်ကလစ်နှိပ်ပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။ Activate a window by hovering ဆိုတာလေးကိုတော့ ဒီအတိုင်းထားခဲ့ဗျ။ Taskbar ပေါ်က file and folder icon ပေါ်မှာ Mouse တင်ရင် ဖွင့်ထားတဲ့ Window thumnail တွေ မြင်ရတယ်။ တစ်ခုပေါ် mouse ဖြတ်တင်ရင် Window အကြီးကို မြင်ရမယ်။ အလွန် အသုံးတည့်ပါတယ်။
By Net Guide Journal

1 comments:

MIn MIn said...

ကျေးဇူးတင်ပါတယ်ဗျာ........
အကို ကျနော့ Laptop ဖွင့်တာနဲ့ပါဝါပြန်ပြီးကျကျသွားတယ် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါအုံးဗျာ....အရမ်းကိုကျေးဇူးတင်ပါတယ်.......

Post a Comment

ဝေဖန်ချက်လေးရေးထားခဲ့ပါ

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More