Search Engine တွင် ထိရောက်စွာ ရှာဖွေခြင်း



ကျွန်တော်တို့ အင်တာနက်မှာ မိမိလိုချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေကြတဲ့အခါ Search Engine ကို အသုံးပြုပြီး အလွယ်တကူ ရှာဖွေကြပါတယ်။ အဓိက အသုံးများတဲ့ Google.com ပဲ ဖြစ်ပါတယ်။ အခြား Search Engine တွေလည်း များစွာရှိပါတယ်။ ဥပမာ ask.com, bing.com, yahoo.com စသည်ဖြင့် ရှိပါသည်။ Google ကတော့ လူသုံးအများဆုံး ဖြစ်ပါတယ်။ မိမိတို့ ရှာဖွေမယ့်အချက်အလက် Keyword ရဲ့ရှေ့မှာဆိုရင် + လေး ကို ထည့်ပေးရပါတယ်။ ဒါမှအခြားမလိုအပ်တဲ့ အရာတွေကို ရှာဖွေခြင်းမှ ရှောင်နိုင်ပါမယ်။ ရှာဖွေလာတဲ့ Page တွေမှာ အဓိက မိမိရှာလိုတဲ့ Keyword ကိုပါစေရန် + လေးထည့်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ အဲလို + လေး ထည့်တဲ့အခါမှာတော့ မိမိ Keyword နဲ့ + ကို တစ်ဆက်တည်း ရေးရပါမယ်။ တစ်ခါတလေ ကျွန်တော်တို့ရှာဖွေလိုတဲ့ Keyword ကို ရိုက်ထည့်လိုက် ပေမယ့် ကိုယ်လိုချင်တဲ့ အကြောင်းအရာနဲ့ တခြားစီ ဖြစ်နေတတ်ပါတယ်။ မြန်မာလိုရိုက်ပြီး ရှာမယ်ဆိုရင်တော့ ပိုဆိုးပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ မလိုချင်တဲ့အကြောင်းအရာတွေကို သုံးပြီး Keyword တွေကို ချန်လှပ်ခဲ့လို့ ရပါတယ်။ - နဲ့သုံးလိုက်တဲ့ Webpage တွေကတော့ ချန်လှပ်ခံခဲ့ရမှာ ဖြစ်ပါတယ်။ Keyword တစ်ခုတည်းမဟုတ်ဘဲ စကားစု အသုံးအနှုန်းများကို ရှာဖွေလိုတဲ့အခါမှာတော့ Double Quotation ကို အသုံးပြုပေးရပါတယ်။ ဥပမာ-"Where you go miss you more" ဒါဆိုရင်တော့ Search Engine ကနေပြီးတော့ "Where you go miss you more" ပါရှိတဲ့ Webpage များကိုသာ ဖော်ပြ ပေးတော့မှာ ဖြစ်ပါတယ်။
( ~) Tide သင်္ကေတကတော့ သင်္ချာဘက်ကနေကြည့်ရင် အနီးစပ်ဆုံး approximately လို့ ဆိုပါတယ်။ ဒီသဘောတရားအတိုင်းပဲ ကျွန်တော်တို့က အတိအကျ မပြောနိုင်တဲ့အခါမျိုးမှာ မိမိရှာဖွေလိုတဲ့ အကြောင်းအရာ တစ်ခုနှင့်ပတ်သက်တဲ့ Webpage မှန်သမျှကို ဖော်ပြစေချင်တဲ့အခါမှာ အသုံး ပြုနိုင်ပါတယ်။
ဥပမာ Computer ~ network ဆိုပြီး ရှာဖွေလိုက်ရင် Network နှင့် အနီးစပ်ဆုံးဖြစ်တဲ့ Webpage တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ စကားစုတွေရယ် စကား လုံးတွေရယ် ပေါင်းစပ်ပြီးရှာဖွေလိုတဲ့အခါမှာတော့ +, -, ဓ ဓ , သင်္ကေတ တွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ +"The main" + Station-train ဆိုပြီး ရှာလိုက်ရင်တော့ Search Engine ဟာ The main ဆိုတဲ့ စကားစုရယ် Station ဆိုတဲ့စကားလုံးရယ် ပါမယ်လို့ သိရှိပြီး - ခံထားတဲ့ train ဆိုတဲ့ စကား လုံး မပါဝင်ရဘူးလို့ နားလည်သိရှိပါတယ်။ ဖော်ပြပေးတဲ့အခါမှာလည်း train မပါဝင်ဘဲ The main နဲ့ Station ပါဝင်တဲ့ Webpage တွေကိုသာ ဖော်ပြ ပေးမှာဖြစ်ပြီး train ပါဝင်တဲ့ Page တွေကိုတော့ ချန်လှပ်ခဲ့မှာ ဖြစ်ပါတယ်။ အင်တာနက်မှာ ရှာဖွေတဲ့အခါမှာတော့ ထိရောက်မှုမရှိဘဲ အချိန် ကိုပိုမိုကြန့်ကြာစေတဲ့ စကားလုံးတွေ ရှိပါတယ်။ ဒါတွေကတော့ a, an, by, the, be စသည်ဖြင့် ရှိပါတယ်။ ဒီစကားလုံးတွေကို Stop Words လို့လည်း ခေါ်ပါတယ်။ ဥပမာ The Networking လို့ ရှာဖွေလိုက်တဲ့အခါမှာ The ဟာ Webpage များစွာမှာ ပါဝင်တဲ့ စကားလုံးဖြစ်လို့ မလိုအပ်ဘဲနဲ့ အချိန်ကို အလဟဿဖြစ်စေပါတယ်။ ဒါကြောင့် အဲဒီလိုစကားလုံးတွေ အသုံးပြုပြီး ရှာဖွေခြင်းကို ရှောင်သင့်ပါတယ်။ နောက်တစ်ခုကတော့ Syntax ကို အသုံးပြုပြီးရှာဖွေနည်းပါ။ ဒါက တော့ မိမိလိုချင်တဲ့ File Type အမျိုးအစားတွေကို အတိအကျ ရှာဖွေတဲ့ နည်းပါ။ ဥပမာ "Networking" filetype:pdf ဆိုပြီး pdf ကို ရှာဖွေနိုင်ပါတယ်။ တကယ်လို့ သင်က Website, Blog ရေးနေတဲ့ သူတစ်ယောက်ဆိုရင် တော့ သင့်ရဲ့ Website, Blog ကို အခြားမည်သည့် website တွေက link ပြုလုပ်ထားသလဲဆိုတာကို သိချင်ရင် link : ဆိုတှဲ့Syntax ကို အသုံးပြုနိုင် ပါတယ်။
နောက်တစ်ခု Syntax ကို သုံးနည်းကတော့ define: ပဲ ဖြစ်ပါတယ်။ ဥပမာ သင်က CCNA ရဲ့ means ကို သိလိုတဲ့အခါ define:CCNA ဆိုပြီး ရှာဖွေနိုင်ပါတယ်။ ဒါဆိုရင် Search Engine က သင့်ကို CCNA ရဲ့ Means "Cisco Certified Network Associate" အပြင် CCNA နဲ့ပတ်သက်တဲ့ အခြား အကြောင်းအရာများကိုပါ ရှာဖွေဖော်ပြပေးမှာ ဖြစ်ပါတယ်။
မိမိသဘောကျတဲ့ music lyric တွေကို ရယူလိုတယ်ဆိုရင်တော့ "miss you" lyrics စသည်ဖြင့် ရှာဖွေနိုင်ပါတယ်။ အခြားcache:, related:, info:, stocks:, site:, allintitle:, allinurl:, safesearch: စသည်ဖြင့်လည်း ရှာဖွေနိုင်ပါ တယ်။ အခုလို အသုံးပြုပြီး ရှာဖွေမယ်ဆိုရင်တော့ မလိုအပ်ဘဲ အချိန် ကြန့်ကြာမှုကို ကျော်လွှားနိုင်မယ့်အပြင် မိမိလိုချင်တဲ့ အကြောင်းအရာကို ထိရောက်စွာရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။ အားလုံးပဲ Internet Search Engine မှာ အကျိုးရှိရှိ ထိရောက်စွာ ရှာဖွေနိုင်ကြပါစေ။

စိုင်းသန့်စင်
04 October 2012  | By Net Guide

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More