အင်တာနက်ရုပ်သံ Streaming လွှင့်ထုတ်နည်း(၁)

ကိုယ်ပိုင်တည်ဆောက်ထားတဲ့ ၀က်ဘ်ဆိုက်တွေမှာ ရုပ်/သံဖိုင်တွေကို Loading Traffic နည်းနည်းနဲ့ လာရောက်ကြည့် ရှုသူတွေ ရယူနိုင်အောင် အလွယ်တကူပြုလုပ်နိုင်မယ့် Streaming နည်းတစ်ခုကို ဒီတစ်ပတ်အိုင်တီဗဟုသုအဖြစ် ဖော်ပြလိုက်ပါတယ်။
Streaming ပြုလုပ်တယ်ဆိုတာ ၀က်ဘ်ဆာဗာပေါ်က ရုပ်/သံ ဖိုင်တွေကို ကြည့်ရှုသူတွေ စတင်ဖွင့်လိုက်တာနဲ့ ဖိုင်ဆုံးအောင်အထိ Downloading ကို စောင့်စရာမလိုဘဲ မိမိကွန်ပျူတာမှာထည့်ထားတဲ့ Multimedia Player တွေနဲ့ စတင် ကြည့်ရှုနားထောင် နိုင်အောင် ပြုလုပ်တဲ့နည်းဖြစ်ပါတယ်။
၁။ MP3 Streaming နည်း
MP3 ဖိုင်ကို Streaming လုပ်မယ်ဆိုရင် လိုအပ်တာက MP3 ဖိုင်ရယ်၊ Streaming အဖြစ်ပြောင်းပေးမယ့် m3u ဖိုင်ရယ်၊ မိမိ ၀က်ဘ် ဆိုက်မှာ URL Link လုပ်ပေးဖို့ MIME Type တွေကို နားလည်ထားဖို့ ဖြစ်ပါတယ်။ m3u ဖိုင်တည်ဆောက်ဖို့ အရင်ဆုံး Notepad Text Editor ကို ဖွင့်ပါ။ မိမိရဲ့ ၀က်ဘ်ဆိုက်မှာ ထည့်ထားတဲ့ MP3 ဖိုင်နေရာ (Path) ကို ရိုက်ထည့်ပါ။
ဥပမာ - http://yoursite.com/music01.mp3 ။ ပြီးရင် Save ကို နှိပ်ပါ။ Save Box မှာရှိတဲ့ Save as type မှာ All Files ကို ရွေးပါ။ ဖိုင်အမည်ကို ရိုက်ထည့်ပြီး Extension ကို m3u လို့ပေး၊ ပြီးရင် သိမ်းလိုက်ပါ။ (ဥပမာ-Layphyu.m3u)။ မိမိတည်ဆောက်ထားတဲ့ m3u ဖိုင်ကို ၀က်ဘ်ဆာဗာပေါ် တင်လိုက်ပါ။
နောက်ဆုံးလုပ်ရမယ့် အပိုင်းက ကိုယ့်ရဲ့ Web Page မှာ URL Link ချိတ်ပေးဖို့ ဖြစ်ပါတယ်။ ဥပမာ <a href="layphyu.m3u" type="audio/x-mpegurl">Play</a> လို့ ပေးလိုက်ရင် Web Page မှာ Play ဆိုတဲ့ Link ပေါ်နေမှာ ဖြစ်ပါတယ်။ Link ကို နှိပ်လိုက်ရင် မိမိကွန်ပျူတာမှာ တင်ထားတဲ့ Player ပွင့်လာပြီး Streaming စတင်နားထောင်နိုင်မှာဖြစ်ပါတယ်။

၂။ Windows Media Audio(wma) Streaming နည်း
ဒီနည်းမှာလည်း MP3 Streaming လုပ်တဲ့အတိုင်း ဖြစ်ပါတယ်။ Notepad ကို အသုံးပြုပြီး Streaming ဖိုင်အဖြစ် WAX Extension နဲ့ ဖိုင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဥပမာ - Notepad ထဲမှာ အောက်မှာ ဖော်ပြထားတဲ့အတိုင်း ရိုက်ထည့်ပေး ရမှာဖြစ်ပါတယ်။

<ASX VERSION="3.0">
<ENTRY>
<REF HREF="http://yoursite.com/music.wma" />
</ENTRY>
</ASX>
ပြီးရင် ဖိုင် Extension ကို wax လို့ပေးပြီး သိမ်းလိုက်ပါ။
သတိထားဖို့က Save as type မှာ All Files ကို ရွေးဖို့လိုပါတယ်။
ပြီးရင် မိမိတည်ဆောက်ထားတဲ့ wax ဖိုင်ကို ၀က်ဘ်ဆိုက်မှာတင်ပြီး Web Link ပေးတဲ့အခါ <a href="music.wax" type="audio/x-ms-wax">Play music</a> လို့ ပေးလိုက်ရင် wma ဖိုင်ကို Streaming အဖြစ် နားထောင်နိုင်မှာ ဖြစ်ပါတယ်။

Speed up firefox softwere





mozilla firefox ရဲ့ speed ကိုမြင့်ဖို့ ကောင်းတဲ့ ဆော့ဝဲလ်လေးတစ်ခု မိတ်ဆက်ပါမယ်

တစ်ချို့လဲ သိပြီးသားဖြစ်မှာပါ  Speed up firefox softwere.rar ဖြစ်ပါတယ်




  ပြီးရင်မrun သေးပါနဲ့ ဦး

သုံးနေတဲ့ မော်ဇီလာ ကိုထွက်ပါ 

 ပြီးမှ ဆော့ဝဲလ်ကို run ပြီး အသုံးပြု့နိုင်ပါပြီ

သတိပြု့ရမှာက  အင်တာနက်စတင် အသုံးပြု့ မယ့် အကြိမ်တိုင်း

 ဆော့ဝဲလ်ကို အရင်ဆုံး run ဖို့လိုပါမယ်

စမ်းကြည့်ကြပါဦးဗျာ

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More