ဖုန်းထဲကို၂၀၁၂ မြန်မာပြက္ခဒိန် ထည့်ချင်ရင်(365 sm3 mobile calendar)


ဒီပုံလေးရဖို့  အကြာကြီးဆွဲရတယ် စာရေးတာနဲ့ ပုံဆွဲတာ ၇နာရီလောက်ကုန်တာပဲ(ဘ၀ ဘ၀)

ဒီပြက္ခဒိန်လေးက မိမိတို့ ရဲ့ ဖုန်းထဲမှာ  မြန်မာရက်စွဲတွေကို   အလွယ်တကူကြည့်ဖို့ 

အဆင်ပြေနေပါတယ် ၂၀၁၂ ရောက်ပြီဆိုတော့ ပြက္ခဒိန် လိုက်ရှာနေတာ ဒီနေ့ မှပဲ

တွေ့ တယ် မြန်မာပြက္ခဒိန်တီထွင်တဲ့ ဆော့ဝဲပရိုဂရမ်မာတွေကိုလည်း ကျေးဇူးပါလို့ 

အလကားဖြန့် ဝေပေးနေလို့ အသုံးပြုသူတွေ အဆင်ပြေကြပါတယ် အဲ့တော့အသုံး

ပြုချင်သူများ ယူကြပါနောဖုန်းထဲမှာဆိုတော့ မြန်မာရက် ဘယ်ရက်ရောက်နေပြီလဲ

မြန်မြန်ကြည့်လို့ ရတယ် ပြည်ပမှာနေတဲ့သူတွေအတွက် ပိုပိုပြီးအဆင်ပြေတာပေါ့

တစ်ခါတလေ ဘယ်လရောက်လို့ ကို ရောက်မှန်းမသိဘူး ခုတော့အဆင်ပြေသွားပြီ

လုပ်နည်းကလည်းလွယ်နေပါတယ် ဒေါင်းလုပ်ယူထားတဲ့ဖိုင်ကို ဖုန်းထဲထည့်လိုက်

ပြီးရင် အင်စတောလုပ်ပါ အင်စတောလုပ်လို့ ပြီးရင်  ကုဒ်၂ခုတောင်းနေပါလိမ့်မယ်

Code: A မှာ2508 Code: B မှာ 9125 ဖြည့်လိုက်ရင် အသုံးပြုလို့ ရပါပြီ ဒါပေမယ့်

ဖုန်းတိုင်းတော့မရပါဘူးNokia နဲ့ Sony မှာရတယ် Javaလည်းရှိဖို့ လိုတာဆိုတော့

တရုပ်ဖုန်းတွေမှာမရဘူး i.mobile နဲ့ java မပါတဲ့တရုတ်ဖုန်းတွေမှာထည့်မရတာကို

တွေ့ ရပါတယ် အဲ့တော့ အဆင်ပြေရင် နီးစပ်ရာ သူငယ်ချင်းတွေကိုလည်း မျှလိုက်

နောက် မြန်မာလိုမက်ဆေ့ ပို့ တာတွေ မြန်မာအဘိဓာန်တွေလည်း ထည့်လို့ ရတယ်

မြန်မာမက်ဆေ့ က အသုံးပြုသူ နှစ်ယောက်လုံးရဲ့  ဖုန်းမှာထည့်ပြီး  တစ်ဦးနဲ့ တစ်ဦး

နေကောင်းလာကိုကို ..စောင့်နေနော် ညီမလေး..အရမ်းချစ်တယ်ကွာ ဘယ်ချိန်လာ

မှာလဲ.ဘာဟင်းချက်ထားနော် ဘာညာသာရကာ ပွားလို့ ရတာပေါ့ အဲ့လိုပွားနေတဲ့

သူငယ်ချင်းတွေအများကြီး ထည့်ဆိုထည့်ပေးလိုက်တာပဲ လက်ကွက်လည်း လွယ်

နေပါတယ် ရေးနေကြသူတွေဆို မြန်သလားမမေးနဲ့  အဲ့တော့ ဟန်ဖုန်းနဲ့ မက်ဆေ့

ရေးပြီး မြန်မာလိုပွားချင်သူများယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...တိန်..........။


ဒီမှာdownload ယူပါ   ဖုန်းထဲထည့်တဲ့ 2012 မြန်မာပြက္ခဒိန်  (Mediafireမှာနော်)

ဒီမှာလည်း ယူလို့ ရပါတယ် http://sindecafe.com ( အဲ့မှာ စတွေ့ တာပါ)

မူရင်းလင့်နဲ့ ပိုင်ရှင်က www.sm3world.com  (မောင်တလုံး ထွင်တာမဟုတ်)

ဒီမှာဖတ်ကြည့်ပါ Sm3 Mobile Directory အကြောင်းမြန်မာလို

1 comments:

Anonymous said...

android အတွက်ရော ရမလားမသိဘူးခင်ဗျ

Post a Comment

ဝေဖန်ချက်လေးရေးထားခဲ့ပါ

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More