၂၀၁၁ ခုနှစ်အတွင်း အသုံးများသော Cloud Application များ



၂၀၁၁ ခုနှစ်တွင် ကို တွင်ကျယ်စွာ အသုံးပြုလာကြပါသည်။  များစွာသော Application များကို ထိန်းချုပ်လာနိုင်မည် ဖြစ်သည်။ Cloud ပေါ်တွင် သိမ်းဆည်းမှုများကို ပြုလုပ်နိုင်သော Application များကို ဖော်ပြထားပါသည်။ Internet ပေါ်တွင် လုပ်ငန်း၏ အရင်းအမြစ်များကို ထားပြီး မျှဝေ သုံးစွဲလာကြသည်။ စီးပွားရေး လုပ်ငန်းများသည် Server များနှင့် တခြား Infrastructure များအတွက် ငွေကုန်ကြေးကျ မခံကြပါ။ Cloud Service Provider များနှင့် အလုပ်ဖြစ်ရန် မျှော်မှန်းလာကြသည်။

အောက်ပါ Cloud Application များကို လေ့လာခြင်းဖြင့် အရင်းအမြစ်များကို မည်မျှ အသုံးပြုနိုင်မည်၊ Capacity မည်မျှ ရနိုင်မည်၊ User မည်မျှကို အသုံးပြုနိုင်မည်၊ မည်သည့် Device များနှင့် တွဲဖက် အသုံးပြုသင့်သည်နှင့် Website ကို ဆောင်ရွက်နေသော Server များ၏ Storage ကိုပါ ထည့်သွင်း စဉ်းစားလာရသည်။ Facebook သည် တချို့က Cloud Service ပေးသည်ဟု ဆိုသော်လည်း အမှန်မှာ မဖြစ်နိုင်သေးပါ။ Cloud Service Provider များသည် တီထွင်မှုများကို ပြုလုပ်လာကြသည်။ ဝန်ဆောင်မှုများနှင့်အတူ သီးခြားစီရှိသော Function များကို တည်ဆောက်လာကြသည်။ ၂၀၁၁ ခုနှစ်အတွင်းမှာ တီထွင်မှုများကို ပြုလုပ်လာသောနှစ် ဖြစ်ပါသည်။

Cloud Application များကို အသုံးပြုသူများသည် လူတစ်ဦးတစ်ယောက် ဖြစ်စေ၊ လုပ်ငန်းအတွက် ဖြစ်စေ ဆောင်ရွက်လာကြသည်။ ဒီနှစ်အတွင်းမှာ Cloud Application များကို လုပ်ငန်းခွင်မှာ သုံးရန် တီထွင်လာကြသည်။ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများကို Cloud ပေါ်သို့ တင်နိုင်ရန် PC နှင့် Smartphone များတွင် တချို့သော Application များကို Install ပြုလုပ်ရန် လိုလာသည်။ Cloud Storage ကို ငှားရမ်း အသုံးပြုလာကြသည်။


Hosting ဝန်ဆောင်မှုသည် Cloud Application များတွင် မရှိပေ။ များစွာ တီထွင်ဆန်းသစ်မှုများကို host ပြုလုပ်လာနိုင်သည်။ Cloud Application များ၏ လုပ်ငန်းတွင် Storage နှင့် မျှဝေခြင်း Sharing ကို အဓိကထား လုပ်ဆောင်လာကြောင်း တွေ့ရှိရသည်။

လေ့လာမှုများအရ Wistia (http://wistia.com/) သည် Video file sharing ပိုင်းတွင် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိပါသည်။ ဝန်ဆောင်မှုကို ဆောင်ရွက်မှုမှသည် မည်သည့် အကျိုးကျေးဇူး သို့မဟုတ် ထွက်ကုန်များကို ရစေသည်ထက် အသုံးပြုသူကို မည်မျှလောက် ဆောင်ရွက်ပေးနိုင်သည်မှာ ပိုမိုအရေးကြီးပါသည်။ Wistia သည် User ကို အဆင်ပြေစေမည့် နည်းလမ်းများကို ရှာဖွေပြီး ကြီးမားသော မျှော်မှန်းချက်ကို ဖြစ်စေသည်။

1. Evernote (http://www.evernote.com)

Evernote အသုံးပြုသူများသည် rich text file များကို ဖန်တီးခြင်း၊ သိမ်းဆည်းခြင်း၊ Image များကို သိမ်းဆည်းခြင်းနှင့် နေ့စဉ် ဆောင်ရွက်မှုများကို မှတ်တမ်းထားရှိခြင်းစသော ဆောင်ရွက်မှုများနှင့်အတူ Device များကို ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။ တခြားသော ထူးခြားသော Application များဖြစ်သော Optical Character recognition, receipts, business cards နှင့် capture the text တို့ ပါဝင်သည်။
အသုံးဝင်သော ဝန်ဆောင်မှုများ ဖြစ်သော Web clipping နှင့် Instapaper ဝန်ဆောင်မှုမျိုးကိုပါ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အသုံးပြုသူများကို standalone apps and browser extension များသည် ဆောင်ရွက်နေရသော လုပ်ငန်းများနှင့် ဆီလျော်သည်။ နောက်လာမည့် Evernote သည် အသုံးပြုသူ စိတ်ကူးအတိုင်း တည်ဆောက်ရသော Website ဖြစ်လာမည် ဖြစ်သည်။ ကြိုက်နှစ်သက်ရာ device နှင့် ချိတ်ဆက်နိုင်ပါသည်။

2. Spotify

ကမ္ဘာ့ အသံသွင်းဈေးကွက်တွင် အသုံးပြုသူ စိတ်ကြိုက် ဆောင်ရွက်နိုင်သော အလွန်ကောင်းသော website တစ်ခု ဖြစ်ပါသည်။  Frictionless sharing နည်းပညာကို အသုံးပြုထားပါသည်။ အသုံးပြုသူသည် ပြုလုပ်ဆောင်ရွက်ခဲ့သော Activity များကို သူငယ်ချင်းများကို ဝေမျှနိုင်မည် ဖြစ်သည်။ သို့သော် Like button ကလေးကို နှိပ်လိုက်သည်နှင့် ပြုလုပ်နိုင်မည် ဖြစ်သည်။ ထိုနည်းပညာသည် facebook ၏ နည်းပညာ တစ်ခု ဖြစ်သည်။ Spotify ကို ဖော်ဆောင်နေသော Model တစ်ခု ဖြစ်သည်။ သူငယ်ချင်းအချင်းချင်း သီချင်းများကို ဝေမျှ နားဆင်နိုင်သော website တစ်ခု ဖြစ်သည်။

သီချင်းများကို Cloud နှင့် ချိတ်ဆက် အသုံးပြုထားသော website တစ်ခု ဖြစ်သည်။ နိုင်ငံအလိုက် ဝန်ဆောင်မှုပေးသော စနစ်ကို ထည့်သွင်းထားပါသည်။ Last.fm နှင့် Pandora တို့သည်လည်း ကောင်းမွန်သော web Music ကို တည်ထောင်သူများ ဖြစ်သည်။ User အများအပြား ရှိသော site များဖြစ်ပြီး radio ထက် ပိုမိုစိတ်ဝင်စားခြင်းကို ခံရပါသည်။ Spotify သည် Music ဝန်ဆောင်မှုကို အခကြေးငွေဖြင့် ဆောင်ရွက်နေပါသည်။ တစ်လ ၉.၉၉ ဒေါ်လာဖြင့် premium mobile ဝန်ဆောင်မှုကို စတင်ပါသည်။ Spotify Radio desktop application သည် အခမဲ့ရနိုင်သော Application ဖြစ်ပါသည်။ Spotify သည် music library တစ်ခု ဖြစ်လာပါသည်။ Spotify  ထိပ်တန်း စာရင်းဝင်သော Cloud application တစ်ခု ဖြစ်ပါသည်။ သင့်တင့်သော ပတ်ဝန်းကျင်ကို ဖော်ဆောင်သော Application တစ်ခု ဖြစ်ပါသည်။ Last.fm ထက် ပိုမိုစိတ်ဝင်စားဖွယ် ကောင်းသော Website တစ်ခု ဖြစ်ပါသည်။

Spotify ၏ Desktop application သည် သီချင်းများကို သိမ်းဆည်းထားသော Application ဖြစ်သည်။ Rolling Stone Magazine and TuneWiki တို့က Last.fm ဟု ထောက်ခံသည်။ Spotify application များသည် ပတ်ဝန်းကျင်နှင့် အဆင်ပြေသည့်အပြင် authentication layer ခေါ်ဆိုခြင်းမှာ record labels, application developers နှင့် user များအကြားတွင် တည်ရှိနေမည် ဖြစ်သည်။ Spotify အသုံးပြုနေသော နည်းပညာမှာ အသစ်ဖြစ်သည့်အပြင် ကိုယ်ပိုင် တည်ဆောက်ထားသော Cloud Application တစ်ခု ဖြစ်ပါသည်။

3. Do.com (http://www.do.com)

Do.com သည် လူမှုရေးဆိုင်ရာ ဆောင်ရွက်မှုများ ဖြစ်သည့် အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်သော website ဖြစ်ပါသည်။ Cloud storage အတွက် တည်ဆောက်ထားသော Application များ ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ Do.com တွင် task များ၊ Project များနှင့် note များကို လွယ်ကူစွာ မှတ်သားဝေမျှနိုင်သော website ဖြစ်သည်။

Do.com သည် Saleforce ကို အလွယ်တကူ ဝင်ရောက်နိုင်ပြီး Saleforce တွင် ပြုလုပ်နိုင်သော File sharing နှင့် အဖွဲ့အစည်း တစ်ခုလုံး စုစည်း အသုံးပြုမှုများကို ဆောင်ရွက်နိုင်ပါသည်။ တချို့သော အဖွဲ့အစည်းများသည် Outlook email client အဖြစ် အသုံးပြုကြသည်။ do.com ကြောင့် outlook user များ မဟုတ်သည့်တိုင်အောင် Saleforce ကို အသုံးပြုနိုင်မည် ဖြစ်သည်။ သို့သော် Saleforce သည် sharing နှင့် user များအကြား မျှဝေမှုကို အခကြေးငွေဖြင့် ဆောင်ရွက်နေပါသည်။

Do.com oည် Gmail ကို ချိတ်ဆက်အသုံးပြုနိုင်ရန် ဖြစ်သည်။ Do.com သည် အခမဲ့အသုံးပြုနိုင်သော web application တစ်ခု ဖြစ်သည်။ ထို့အပြင် Social application များအတွက် လုပ်ငန်းအတွင်းရှိ ဝန်ထမ်းများနှင့် အတူတကွ ဆောင်ရွက်နိုင်သော Project များ တည်ဆောက်နိုင်ပါသည်။

Google Doc နှင့် ချိတ်ဆက်ပြီး task လုပ်ငန်းများနှင့် project များ ဆောင်ရွက်ခြင်း၊ ပိုမိုလုံခြုံသော sharing ပြုလုပ်နိုင်ပြီး၊ Project တွင် ပါဝင်သော အကြောင်းအရာများကို လွယ်ကူစွာ မျှဝေ အသုံးပြုနိုင်မည် ဖြစ်သည်။ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် Gmail ကို ဒုတိယအနေဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။ ဆောင်ရွက်မှုများကို လုပ်ဖော် သူငယ်ချင်းများကို Message ပေးပို့ဆက်သွယ်ခြင်း၊ Report တင်ခြင်းများကို တစ်ခါတည်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Google Apps ဖြစ်စေ၊ Salesforce တို့နှင့် ဖြစ်စေ ချိတ်ဆက်နိုင်သောကြောင့် အလုပ်များစွာ ဆောင်ရွက်ပြီးမြောက်လာနိုင်မည် ဖြစ်သည်။ Do.com သည် Exchange Server ကဲ့သို့ ဆောင်ရွက်လာခြင်းသည် စီးပွားရေး လုပ်ငန်းများကို များစွာ အထောက်အကူပြုမည် ဖြစ်သည်။

4. Hojoki (http://hojoki.com)

Hojoki သည် နောင်တွင် အသုံးများလာနိုင်သော Cloud application  တစ်ခုဖြစ်လာပါသည်။ Google Docs, Dropbox, Highrise နှင့် Delicious paom application များနှင့် ချိတ်ဆက်နိုင်သော Cloud Application တစ်ခု ဖြစ်ပါသည်။ Hojoki တွင် နာမည်ကြီး email နှင့် message system  များကို တစ်နေရာတွင် ချိတ်ဆက် ကြည့်ရှုနိုင်ရန် စီစဉ်ထားပါသည်။ တည်ဆောက်ဆဲကာလ ဖြစ်သဖြင့် လူကြိုက် နည်းပါသည်။ သို့သော် နည်းပညာကို လေ့လာသင့်သော Cloud Application တစ်ခု ဖြစ်ပါသည်။ ဒေါ်လာဘီလီယံနှင့်ချီသော စက်မှုလုပ်ငန်းများတွင် လုပ်ငန်းအတွင်းရှိ Member များကို လုပ်ငန်းတွင် ဆောင်ရွက်နေသော စာရွက်စာတမ်းများကို မျှဝေသုံးစွဲခြင်း၊ ဆောင်ရွက်ခြင်းအား Collaboration Platforms တည်ဆောက်ခြင်း ဖြစ်သည်။ Hojoki သည် Web-based console ဖြစ်ပြီး  Google Docs, Box.net နှင့် Dropbox တို့တွင် သိမ်းထားသော file များကို ကြည့်ရှုဆောင်ရွက်နိုင်သော Website တစ်ခု ဖြစ်သည်။ Cloud storage အတွက် တည်ဆောက်ထားသော Application များနှင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။

Cloud application များဖြစ်သော Beanstalk, Dropbox, Evernote, GitHub တို့တွင် တိကျသော လုပ်ငန်းများ၊ သတ်မှတ်ချက် ရှိသော ဆောင်ရွက်မှုများနှင့် Website တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုကို မပြုလုပ်ကြပါ။ Hojoki ကို တည်ဆောက်မှုမှာ ပိုမို ရှင်းလင်းပြီး ကျွမ်းကျင်သော တည်ဆောက်မှုကို အစမှတွင် တွေ့ရှိနိုင်ပါသည်။ ယခုတွင် Hojoki ဆောင်ရွက်နေသော ဝန်ဆောင်မှုသည် beta version အဆင့်တွင်သာ ရှိသေးသည်။

5. Box.net (http://www.box.com)

Box သည် လုပ်ငန်းများတွင် အသုံးပြုနိုင်သော Online file sharing နှင့် Content Management ဝန်ဆောင်မှုများကို ဆောင်ရွက်ပါသည်။ freemium business model ကို လက်ခံပါသည်။ 5GB အထိ Storage space ရရှိပါသည်။ Salesforce ပုံစံမျိုး အသုံးပြုနိုင်သော website ဖြစ်သည်။ သို့သော် Saleforce တွင် trail period အဖြစ် ရက် ၅၀ သာ ပေးထားသည်။

ဒီနှစ်အတွင်းတွင် တီထွင်မှုများစွာကို အခြေခံ တည်ဆောက်ထားသောကြောင့် နာမည်ရလာသော Cloud application တစ်ခု ဖြစ်ပါသည်။ Box.net အစား box.com ကို အသုံးပြုနိုင်ပါသည်။ Mobile Application ဖြင့် အသုံးပြုနိုင်ပြီး Cloud Storage ကို အခြေခံထားပါသည်။ ဥပမာအားဖြင့် Customizable synchronization တွင် မပြုလုပ်နိုင်ခြင်း၊ photos နှင့် videos များအား iOS application တွင် ပြန်လည် Backup ပြုလုပ်ခြင်း အဆင်ပြေစွာ လုပ်ဆောင်နိုင်သည်။

Android, iOS, Mac နှင့် Windows တို့တွင် အသုံးပြုနိုင်ရန် တည်ဆောက်ထားပါသည်။ Computer များ၊ Phone များနှင့် tablet များတွင် အဆင်ပြေစေရန် Evernote တွင် Account ဖွင့် တည်ဆောက်နိုင်မည် ဖြစ်သည်။ Data များနှင့် ပုံများကို Website များမှ အလွယ်တကူ ရယူနိုင်ရန် ရည်ရွယ် တည်ဆောက်ထားပါသည်။ သိမ်းဆည်းရာတွင် သက်ဆိုင်ရာ Category အလိုက် သိမ်းနိုင်ပါသည်။ မည်သည့် device မှမဆို အသုံးပြုနိုင်ရန် ရည်ရွယ်သည်။ တက္ကသိုလ်ကျောင်းသားများပါ အသုံးများသော Application တစ်ခု ဖြစ်သည်။ Evernote တွင် စိတ်ဝင်စားဖွယ် လုပ်ဆောင်မှုများကို တွေ့မြင်နိုင်မည် ဖြစ်သည်။ အရေးပေါ် အသုံးပြုနိုင်သော notepad များ ရေးသားခြင်း၊ image များကို ထည့်သွင်းနိုင်သော Text editor ပါခြင်းနှင့် Web content ကို သိမ်းဆည်းနိုင်ခြင်း စသော လုပ်ဆောင်မှုများကို ရရှိနိုင်ပါသည်။ Twitter ကိုပါ ချိတ်ပြီး အသုံးပြုနိုင်ပါသည်။ Evernote သည် Box.net, Dropbox နှင့် Google Docs တို့နှင့် ချိတ်ဆက် အသုံးပြုနိုင်ပြီး နာမည်ရထားသော Cloud application တစ်ခု ဖြစ်ပါသည်။

www.evernote.com  တွင် လူတစ်ဦးအတွက် free account တည်ဆောက်နိုင်ပါသည်။ Evernote Account တစ်ခု တည်ဆောက်ပြီးသူ အတွက် unique Evernote email address တစ်ခုကို တည်ဆောက်ပေးပါသည်။ email notes, snapshots နှင့် audio clips များကို note အတွင်း Save ပြုလုပ်ပြီး mobile phone တွင်ဖြစ်စေ desktop နှစ်ခုလုံးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ http://www.evernote.com/getit သည် evernote တွင် တခြားသော အသုံးဝင်သော Application များစွာကို အခကြေးငွေနှင့်ပါ အသုံးပြုနိုင်ရန် ရေးသားထားသော Webpage ဖြစ်ပါသည်။ Evernote ကို မည်သို့ အသုံးပြုရမည်ကို http://www.evernote.com/ about/getting_Started/ တွင် လေ့လာနိုင်မည် ဖြစ်သည်။

ဘာသာပြန်သူ - သူရအောင်
(mr.thura@gmail.com)ံ

0 comments:

Post a Comment

ဝေဖန်ချက်လေးရေးထားခဲ့ပါ

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More