
ကျွန်တော်တို့
အင်တာနက်မှာ မိမိလိုချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေကြတဲ့အခါ Search
Engine ကို အသုံးပြုပြီး အလွယ်တကူ ရှာဖွေကြပါတယ်။ အဓိက အသုံးများတဲ့
Google.com ပဲ ဖြစ်ပါတယ်။ အခြား Search Engine တွေလည်း များစွာရှိပါတယ်။
ဥပမာ ask.com, bing.com, yahoo.com စသည်ဖြင့် ရှိပါသည်။ Google
ကတော့ လူသုံးအများဆုံး ဖြစ်ပါတယ်။ မိမိတို့ ရှာဖွေမယ့်အချက်အလက် Keyword
ရဲ့ရှေ့မှာဆိုရင် + လေး ကို ထည့်ပေးရပါတယ်။ ဒါမှအခြားမလိုအပ်တဲ့ အရာတွေကို
ရှာဖွေခြင်းမှ ရှောင်နိုင်ပါမယ်။ ရှာဖွေလာတဲ့ Page တွေမှာ အဓိက
မိမိရှာလိုတဲ့ Keyword ကိုပါစေရန် + လေးထည့်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။
အဲလို + လေး ထည့်တဲ့အခါမှာတော့ မိမိ Keyword နဲ့ + ကို တစ်ဆက်တည်း
ရေးရပါမယ်။ တစ်ခါတလေ ကျွန်တော်တို့ရှာဖွေလိုတဲ့ Keyword ကို ရိုက်ထည့်လိုက်
ပေမယ့် ကိုယ်လိုချင်တဲ့ အကြောင်းအရာနဲ့ တခြားစီ ဖြစ်နေတတ်ပါတယ်။...