ကိုယ်ပိုင်တည်ဆောက်ထားတဲ့ ၀က်ဘ်ဆိုက်တွေမှာ
ရုပ်/သံဖိုင်တွေကို Loading Traffic နည်းနည်းနဲ့ လာရောက်ကြည့် ရှုသူတွေ
ရယူနိုင်အောင် အလွယ်တကူပြုလုပ်နိုင်မယ့် Streaming နည်းတစ်ခုကို
ဒီတစ်ပတ်အိုင်တီဗဟုသုအဖြစ် ဖော်ပြလိုက်ပါတယ်။
Streaming ပြုလုပ်တယ်ဆိုတာ ၀က်ဘ်ဆာဗာပေါ်က ရုပ်/သံ
ဖိုင်တွေကို ကြည့်ရှုသူတွေ စတင်ဖွင့်လိုက်တာနဲ့ ဖိုင်ဆုံးအောင်အထိ
Downloading ကို စောင့်စရာမလိုဘဲ မိမိကွန်ပျူတာမှာထည့်ထားတဲ့ Multimedia
Player တွေနဲ့ စတင် ကြည့်ရှုနားထောင် နိုင်အောင် ပြုလုပ်တဲ့နည်းဖြစ်ပါတယ်။
၁။ MP3 Streaming နည်း
MP3 ဖိုင်ကို Streaming လုပ်မယ်ဆိုရင် လိုအပ်တာက MP3
ဖိုင်ရယ်၊ Streaming အဖြစ်ပြောင်းပေးမယ့် m3u ဖိုင်ရယ်၊ မိမိ ၀က်ဘ်
ဆိုက်မှာ
URL Link လုပ်ပေးဖို့ MIME Type တွေကို နားလည်ထားဖို့ ဖြစ်ပါတယ်။ m3u
ဖိုင်တည်ဆောက်ဖို့ အရင်ဆုံး Notepad Text Editor ကို ဖွင့်ပါ။ မိမိရဲ့
ဝက်ဘ်ဆိုက်မှာ ထည့်ထားတဲ့ MP3 ဖိုင်နေရာ...